Local News

မန္တလေးကုန်စည်ဒိုင်၏ ၂၀၂၂ ခုနှစ်ဇန်နဝါရီလနောက်ဆုံးပတ် ဆီထွက်သီးနှံဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်၏ ဇန်နဝါရီလနောက်ဆုံးပတ် ဆီထွက်သီးနှံဈေးကွက်အခြေအနေ

 နှမ်း

မကွေး၊ကသာ၊ဗန်းမော်၊ရွေဘိုစစ်ကိုင်းဘက်မှ နှမ်းများဝင်ရောက်နေပြီးအဝယ်သွက် ၍ ဈေးမြင့်တက်လာသည်။ ရန်ကုန်ဝယ်လက် နှင့် တရုတ်သို့ သင်္ဘောတင်ပို့မှုရှိကြောင်း မန္တလေး ကုန်စည်ဒိုင်မှသိရသည်။  နှမ်း ၄၅ ပိဿာဝင် တစ်အိတ်ဈေးနှုန်းများမှာ နှမ်းဖြူ တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၅၈၀၀၀ ယခင်တစ်ပတ် ကျပ် ၁၅၅၀၀၀ မှ ၁၆၀၀၀၀ ဖြစ်ခဲ့သည်။  ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၂၀၀၀ မှ ၃၀၀၀ မြင့်တက် လာသည်။ နှမ်းညို ယခု တစ်ပတ် ကျပ် ၁၂၅၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ် ကျပ် ၁၂၅၀၀၀ မှ ၁၂၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀ မြင့်တက်လာသည်။ ဆောင်းနှမ်းနက် ယခုတစ်ပတ် ကျပ် ၁၄၀၀၀၀ မှ ၁၄၃၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ် ကျပ် ၁၃၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၈၀၀၀ မြင့်တက်လာသည်။ နှမ်းနက် (စမုံ) ယခုတစ်ပတ် ကျပ် ၁၇၀၀၀၀ မှ ၂၂၀၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ် ကျပ် ၁၅၀၀၀၀ မှ ၂၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ မြင့်တက်လာသည်။

မြေပဲဆံ

စစ်ကိုင်း၊ မန္တလေး၊ မကွေး မြင်းမူ၊ မြောင်၊ ရွှေဘို ဘက်မှ မြေပဲလုံးဆံ (အသစ်) များ ဝင်ရောက်နေပြီး တရုတ်လိုင်း တင်ပို့မှုရှိ၍ ရန်ကုန်ဝယ်လက်နှင့် ဆီစက်သမားများမှ ဝယ်ယူလျှက်ရှိသည်။ မြေပဲလုံးဆံ တစ်ပိဿာဈေးနှုန်းများမှာ မြေပဲလုံးဆံ(ဖြူ) ယခု တစ်ပတ် ကျပ် ၃၄၀၀ မှ ၃၄၅၀၊ ယခင် တစ်ပတ် ကျပ် ၃၄၀၀ မှ ၃၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ကျပ် ၁၅၀ မြင့်တက်လာသည်။ မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၃၁၀၀ မှ ၂၉၀၀၊ ယခင်တစ်ပတ်ကျပ် ၃၁၀၀ မှ ၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ကျပ် ၁၀၀ နိမ့်ကျ လာသည်။

မြင့်မြင့်လှိုင်

ရတနာပုံကုန်သွယ်မှုဗဟိုဌာန              

Category: Local News